IT Courses
MPT နှင့် KMD တို့ ပူးပေါင်းတင်ဆက်ထားသော နည်းပညာသင်ခန်းစာများကို Kids Course နှင့် Google Courses ဟူ၍ နှစ်ပိုင်းခွဲ၍ သင်ကြားပို့ချထားသည်။ Kids Course တွင် workshop ပုံစံဖြင့် သင်ခန်းစာများကို သင်ကြားပို့ချထားပြီး ကလေးများ၏ ကိုယ်တိုင်ဖန်တီးနိုင်မှု၊ ကိုယ်တိုင်တွေးခေါ်နိုင်မှု၊ ပြဿနာဖြေရှင်းနိုင်စွမ်း တိုးတက်စေရန်အတွက်...
ရည်ရွယ်ပြီး ပို့ချထားပါသည်။ ဤသင်ခန်းစာများတွင် စိတ်ဝင်စားဖွယ် animation programs ၊ games programs ၊ story programs စသည့် လေ့ကျင့်မှုများ ပါဝင်သည်။
Google Course တွင် သင်ကြားထားသော သင်ခန်းစာများသည် ယခုခေတ် Digital Transformation ခေတ်နှင့်အညီ ရုံးလုပ်ငန်းများဆိုင်ရာ နည်းပညာဆိုင်ရာ စွမ်းရည်များကို Google Platform တွင် အခမဲ့အသုံးချနိုင်မည့် နည်းလမ်းများကိုသင်ကြားပေးထားပါသည်။ Google account တစ်ခုတည်းဖြင့် လိုအပ်သောရုံးလုပ်ငန်းများကို လွယ်ကူစွာ ဆောင်ရွက်နိုင်သောကြောင့် လူတိုင်းအတွက် မဖြစ်မနေ သင်ယူထားသင့်သည့် နည်းပညာဖြစ်ပါသည်။
KMD မှ သင်ကြားပို့ချထားသည့် IT နည်းပညာသင်ခန်းစာများတွင် Google Sheets တည်ဆောက်နည်း၊ Google Forms အသုံးပြုနည်း၊ Google Slides နှင့် PowerPoint အသုံးပြုနည်း၊ Google Docs ဖြင့် စာစီစာရိုက် လုပ်ဆောင်နည်းများကို လွယ်ကူစွာ သင်ယူနိုင်ပါသည်။
အနှစ်ချုပ်အားဖြင့် တိုးတက်လာသောခေတ်နှင့်အညီ IT နည်းပညာများကို သုံးစွဲတတ်ရန် အခြေခံသင်ခန်းစာများကို လေ့လာသင်ယူထားသင့်သည်။ မိမိ၏အလုပ်အကိုင်များ၊ ပညာရေးနှင့် အခြားသုံးစွဲမှုအတွက် အကျိုးရှိမည့် ပညာရပ်များဖြစ်ပါသည်။