Skip to main content
MPT Mobile data အားအသုံးပြုပြီး Zero Bill ဖြင့် အခမဲ့ အသုံးပြုနိုင်ပါပြီ။


MPT CSR Activities

MPT is the first and true local operator providing telecommunications services nationwide and to provide communications to all people of Myanmar. MPT is determined to build up better future of Myanmar and believes that the future lies in the hands of youth and decide to empower them in the most effective way. Therefore, MPT CSR activities are based on 3 pillars; Education, Health Care and Business Incubation which are the essential foundation for Youth Development. As always MPT is dedicated to its commitment of “Moving Myanmar Forward”. The significance of MPT’s CSR activities is that all the programs are initiated to be sustainable in the long run with local communities. MPT has spent total of over 26,151 million MMK for its whole CSR activities to be the best for the community nationwide, by keeping its commitment of “Together with Myanmar people”.

MPT ၏ လူမှုအကျိုးပြုလှုပ်ရှားမှုများ

မြန်မာနိုင်ငံ၏ ဦးဆောင်ပြည်တွင်း ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူပြည်သူများ အချင်းချင်း ဆက်သွယ်မှုရှိနိုင်ရန်အတွက် အကောင်းမွန်ဆုံး ဝန်ဆောင်မှုများကို ပေးအပ်လျက် ရှိပါသည်။ MPT အနေဖြင့် မြန်မာပြည်သူများ အတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖန်တီးပေးရန် ဆုံးဖြတ်ထားပြီး နိုင်ငံတစ်ခု၏ အနာဂတ်သည် လူငယ်များ၏ လက်ထဲတွင် ရှိသည်ဟုလည်း ယုံကြည်ထား ပါသည်။ လူငယ်များ စွမ်းဆောင်ရည် ပြည့်ဝရန် အတွက်လည်း အထိရောက်ဆုံး နည်းလမ်းများဖြင့် ပံ့ပိုးပေးရန် ဆုံးဖြတ်ထားပါသည်။ ထို့ကြောင့် MPT က လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေခံအကျဆုံး ဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ စွန့်ဦးတီထွင် နှင့် စီးပွားရေးလုပ်ငန်းငယ် စသည့်အဓိက မဏ္ဍိုင်ကြီး သုံးရပ်တွင် ကူညီပံ့ပိုးပေးမှုများ လုပ်ဆောင်လျက် ရှိပါသည်။ MPT အနေဖြင့် “ရှေ့သို့လှမ်းချီ မြန်မာပြည်”ဆိုသည့် ကတိကဝတ် နှင့်အညီ မြန်မာပြည်သူများ အတွက် စဥ်ဆက်မပြတ် ကြိုးစားသွားမည်ဖြစ်ပါသည်။ MPT လူမှုအကျိုးပြု အစီအစဥ်များ၏ ထူးခြားချက်မှာ ဒေသခံများအနေ ဖြင့် ပြင်ပအကူအညီ မပါဘဲ ရေရှည်ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ဦးတည် ဆောင်ရွက်ထားခြင်း ဖြစ်ပါသည်။MPT အနေဖြင့် “အတူလက်တွဲအမြဲရှိမည် MPT” ဟူသည့် ဆောင်ပုဒ်ကို လက်ကိုင်ထား ပြီးလူမှုအသိုက်အဝန်းများအတွက် အကောင်းဆုံးသော အကျိုးကျေးဇူးးကို ဖော်ဆောင်နိုင်မည့် လူမှုအကျိုးပြုလုပ်ငန်း များကို ဆောင်ရွက်နေကာ ယခုအချိန်အထိ မြန်မာကျပ်ငွေ သန်းပေါင်း ၂၆၁၅၁ ကိုအသုံးပြုခဲ့ပြီးဖြစ်ပါသည်။


What is MPT CSR E Learning Platform?

MPT CSR E-Learning Platform brings opportunities and access to the skill, vocational and information technology contents via MPT's Nationwide telecommunications network for the underprivileged youths from all over the country.  Due to COVID-19 situation, learning via online become the new normal approach to education and which could expel barriers in pursuing the unlimited knowledge and skillset for new generation who are the future leaders of the country poise to Move Myanmar Forward. MPT believe that this program and platform be the beacon of light for the people and to part of the life support activities and education in vocational sector. MPT will brings more partners in respective areas for the future and expected to benefit whole Myanmar with unlimited opportunities for youths in education and vocational sector.

MPT၏အီလက်ထရွန်းနစ်နည်းပညာသုံး

ပညာရေးပလက်ဖောင်းဆိုတာဘာလဲ

MPT၏CSR အီလက်ထရွန်းနစ် နည်းပညာသုံး ပညာရေးပလက်ဖောင်းမှာ နိုင်ငံအနှံ့ရှိ အခွင့်အရေးနည်းပါးလှသူ လူငယ်များ အတွက် ကျွမ်းကျင်မှုပညာရပ်များ၊ သက်မွေးဝမ်းကြောင်း အတတ်ပညာများ နှင့် သတင်းနည်းပညာရပ်ဆိုင်ရာ ပညာရပ်များကို လက်လှမ်းမီ လေ့လာသင်ယူနိုင်စေရန် MPT ၏ နိုင်ငံတစ်ဝန်းလုံး သို့ လွှမ်းခြုံထားသည့် တယ်လီကွန်း ဆက်သွယ်ရေးကွန်ရက် မှတစ်ဆင့် ဆောင်ရွက်ပေးထားသည့် အစီအစဥ်တစ်ခုဖြစ်ပါသည်။ ကိုဗစ် (၁၉) ရောဂါ ဖြစ်ပွားလာမှုကြောင့် နေထိုင်မှုပုံစံ အခြေအနေအသစ်ဖြင့် ပညာရပ်များကို အွန်လိုင်းမှတစ်ဆင့် လေ့လာသင်ယူနိုင်သည့် နည်းလမ်းဖြင့် ချဥ်းကပ်ဆောင်ရွက် လာနိုင်ခဲ့ကာ နောင်တစ်ခေတ် ၏ခေါင်းဆောင်များ ဖြစ်သော မြန်မာနိုင်ငံကို ရှေ့သို့လှမ်းချီစေနိုင်မည့် အနာဂတ်မျိုးဆက်သစ် လူငယ်များ အတွက် အကန့်အသတ်မဲ့ အသိပညာရပ်များနှင့် ကျွမ်းကျင်မှုများကို ရယူနိုင်ရေးတွင် အတားအဆီးများကို ဖယ်ရှားပေးနိုင်စေမည် ဖြစ်သည်။ အခုအစီအစဥ်နှင့် အွန်လိုင်းပလက်ဖောင်းမှာ လူငယ်များအတွက် မီးပြတိုက်သဖွယ် ဖြစ်စေမည်ဖြစ်ပြီး အသက်မွေးဝမ်းကြောင်း ကဏ္ဍအတွက် ပညာရပ်များနှင့် လူမှုဘဝရပ်တည်နိုင်ရေး အတွက် အထောက်အပံ့ ဖြစ်စေမည့် အစိတ်အပိုင်းတစ်ခု ဖြစ်လာစေမည်ဟု MPT က ယုံကြည်ထား ပါသည်။နောင်တွင် လည်း MPT က နောက်ထပ် မိတ်ဖက်အဖွဲ့အစည်းများ ကို သက်ဆိုင်ရာ အခန်းကဏ္ဍ အလိုက် တိုးချဲ့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး လူငယ်များ အတွက် ပညာရေး နှင့် အသက်မွေးဝမ်းကြောင်း ကဏ္ဍများတွင် အကန့်အသတ်မဲ့သော အခွင့်အလမ်းများကို ဖော်ဆောင်ကာ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ လူငယ်များသို့ အကျိုးရလဒ်ကောင်းများ ပေးစွမ်းသွားမည် ဖြစ်သည်။


Our Partners



pic #1

IT Courses

  • Kid Courses
  • Google Courses

Vocational Training

  • Making Cocktail Sauce
  • Vegetable Cutting
  • Introducing Adjustment Tools & Measuring Tools
  • Flames Adjustment and Welding in Oxy-Acetylene Gas Welding
  • Sharpening Chisel by Hands(Part 1& 2)
pic #1
pic #1

Language Training

  • Japanese Language (N5)

Than Toe Aung Mobile Phone Services & Training

  • Basic Mobile Phone Services Training Courses (21 Courses)
pic #1